ပူပြင်းနေတဲ့ ရာသီဥတုမှာ စားပေးသင့်တဲ့ အသီးအရွက်လေးတွေ
နွေရာသီဆိုတာက တစ်နှစ်တာမှာ အတော်လေး သက်တောင့်သက်သာ မဖြစ်စေတဲ့ ရာသီဆိုရင် အားလုံး လက်ခံမယ် ထင်ပါတယ်နော်။ ဒီလို ပူပြင်းတဲ့ နွေရာသီမှာ အဆက်မပြတ် သောက်မိတာက အမြှုပ်လေးတွေ ပလုံစီအောင် ထနေတဲ့ အချိုရည် အေးအေးတွေပါ။ ဒီသောက်စရာတွေက ခဏတာမှာ အေးမျှသလို ထင်ရပေမယ့် ခန္ဓာကိုယ်အတွက် ကျန်းမာစေဖို့ရာမှာတော့ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ပူပြင်းနေတဲ့ နွေရာသီမှာ အချိုရည်တွေ အစား နွေရာသီမှာ စားပေးသင့်တဲ့ အသီးအရွက်လေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို ဒီစာလေးထဲမှာ ပြောပြပေးထားတာမို့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
ပူပြင်းနေတဲ့ ရာသီဥတုမှာ စားပေးသင့်တဲ့ အသီးအရွက်လေးတွေ
ပူပြင်းနေတဲ့ ရာသီဥတုမှာ စားပေးသင့်တဲ့ အသီးအရွက်လေးတွေ ကတော့
သခွားသီး - သခွားသီး ဆိုတာက နွေရာသီမှာ အစားပေးသင့်ဆုံးသော အသီးအရွက် တစ်ခုပါ။ အာဟာရကြွယ်ဝသလို ရေဓာတ်ပါဝင်မှုကလည်း အတော်လေး များပါတယ်။ သခွားသီးကို သုပ်စားလို့ ရသလို ဖျော်သောက်တာ၊ detox water လုပ်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ ဗီတာမင် စီ နဲ့ ကေတွေ ပါဝင်နေတာကလည်း နွေရာသီမှာ စားပေးသင့်တဲ့ အကြောင်းအရင်း တစ်ခုပါပဲ။
ခရမ်းချဉ်သီး - ခရမ်းချဉ်သီးက ဟင်းထဲ ထည့်ချက်စားလို့ ရသလို အစိမ်းစားတာ၊ သုပ်စားတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ခရမ်းချဉ်သီး စားပေးတာက နွေအပူဒဏ်ကြောင့် ပင်ပန်းမှုတွေက သက်သာစေမှာပါ။ ဒါကြောင့် နွေပူနေချိန်မှာ အပူကြောင့် ထိခိုက်မှု နည်းစေဖို့အတွက် ခရမ်းချဉ်သီးကို စားပေးလို့ ရပါတယ်။
ဘူးသီး - ဘူးသီးဆိုတာက နွေရာသီမှာ အေးမြစေတဲ့ အစားအစာ တစ်ခုပါ။ ဘူးသီးကို ဟင်းခါးအဖြစ်သောက်ပေးလို့ ရသလို ကြော်စားတာ၊ ကြော်ချက် ချက်စားတာမျိုးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ ဘူးသီး စားပေးတာက နွေအပူဒဏ်ကြောင့် ပင်ပန်းတာကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
ကန်စွန်းရွက်
ကန်စွန်းရွက်က အပူဒဏ်ကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် နွေအပူဒဏ်မှာ ခန္ဓာကိုယ် အပူချိန်ကို လျော့ကျစေချင်တယ်ဆိုရင်တော့ ကန်စွန်းရွက်ကို ကြော်စားတာ၊ ပြုတ်စားတာ၊ တို့စားတာ အမျိုးမျိုး လုပ်ပေးလို့ ရပါတယ်။
ဟင်းနုနွယ်
ဟင်းနုနွယ်က ဗီတာမင် ကေ၊ အေ နဲ့ အခြားသော အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဟင်းနုနွယ်က အမျှင်ဓာတ် ပါဝင်နေတာကလည်း အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပြီး သံဓာတ် ကြွယ်ဝတာကလည်း သွေးအားနည်းရောဂါ မဖြစ်ရစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နွေအပူဒဏ်ကြောင့် ပင်ပန်းတာကို သက်သာစေဖို့ဆိုရင် ဟင်းနုနွယ်ကို စားပေးလို့ ရပါတယ်။
ကိုက်လန်
ကိုက်လန်ဆိုတာက ဗီတာမင်၊ သတ္တုဓာတ်တွေ နဲ့ အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေတဲ့ အသီးအရွက် တစ်မျိုးပါ။ နေ့စဉ် စားသုံးမှုမှာ ကိုက်လန် ပါဝင်အောင် စားသုံးပေးတာက ဗီတာမင် အေ၊ စီတို့ ပါဝင်နေတာကြောင့် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို အပူချိန်ကြောင့် ထိခိုက်မှုတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ပူပြင်းနေတဲ့ ရာသီဥတုမှာ အပူဒဏ် သက်သာစေဖို့ စားပေးသင့်တဲ့ အသီးအရွက်လေးတွေကတော့ အခုပြောခဲ့တာလေးတွေပါ။ နွေရာသီမှာ အသီးအရွက် များများ စားပေးတာက အပူဒဏ် သက်သာစေပြီး ကျန်းမာစေဖိုအ ထောက်ကူပေးနိုင်မှာပါ။
မွန်မွန်